|

အမျိုးသားပြတိုက်


လုပ်ငန်းအပ်နှံသူ − ယဉ်ကျေးမှု ဝန်ကြီးဌာန
လုပ်ငန်းတည်နေရာ − ရာဇသင်္ဂလမ်း ၊ နေပြည်တော် ။
အဆောက်အဦအမျိုးအစား − သံကူ ကွန်ကရစ်
အကျယ်အဝန်း − ၃၆၈၇၃၁ စတုရန်းပေ
လုပ်ငန်းစတင်သည့်နေ့ − ၂၀၁၀. ဇွန်လ. ၃ ရက်
လုပ်ငန်းအပ်သည့်နေ့ − ၂၀၁၅. ဇွန်လ. ၁၅ရက်


          မြန်မာနိုင်ငံပြတိုက်များအတွက် နေပြည်တော်ရှိ အစိုးရအမျိုးသားပြတိုက်သည် အကြီး ဆုံးဖြစ်ပြီး နေပြည်တော် ဥတ္တရသိရိမြို့နယ် ကုမုဒြာအဝိုင်းအနီးတွင် A.C.E ဆောက်လုပ် ရေး ကုမ္ပဏီ အဖွဲ့ မှ တည်ဆောက်ခဲ့ သည်။ မြေဧရိယာအကျယ်အဝန်း ၃၄.၇၉ ဧက (၁၂.၀၈) ဟတ်တာ ပေါ်တွင်တည်ရှိ၍ ၂၀၁၁ခု ဇွန်လ ၃ ရက်နဲ့ တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၅ ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြတိုက်ကိုစတင်ဖွင့်လှစ်ခဲ့သည်။
          အဓိကအဆောက်အဦ ၅လုံးပါဝင်ပြီး အားလုံး၏ကြမ်းခင်းဧရိယာမှာ ၂၉၈၈၆၅ စတုရန်း ပေရှိသည်။ ပြတိုက်အတွင်း၌(၁) လူသားအစမျောက်မျိုးနွယ်ဝင်နို့တိုက်သတ္တိများ (primate) နှင့် သဘာဝသမိုင်းပြခန်း၊ (၂)ကျောက်ခေတ်၊ကြေးခေတ်၊သံခေတ် ပြခန်း ၊(၃) ပျူခေတ် ယဉ်ကျေးမှုပြခန်း ၊(၄)ပုဂံခေတ် ယဉ်ကျေးမှုပြခန်း ၊(၅) ပင်ယ ၊ အင်းဝ ၊ ဟံသာဝတီ နှင့် ရခိုင်မြောက်ဦးခေတ် ယဉ်ကျေးမှုပြခန်း ၊(၆) ကုန်ဘောင်ရတနာပုံ ခေတ်ယဉ်ကျေးမှုပြခန်း ၊ (၇) သီဟသနပလ္လင် ပြခန်း ၊(၁၀) မြန်မာနိုင်ငံတိုင်ရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးစံပြခန်း ၊ (၁၁) ပန်းချီပြခန်း ၊(၁၂) မြန်မာ လက်မှု အနုပညာပန်းဆယ်မျိုးပြခန်း တို့ဖြစ်ကြသည်။
          မြန်မာနိုင်ငံသမိုင်းကြောင်းသည် နှစ်ပေါင်းထောင်ကျော်ရှည်လျား၍ အဆင့်တန်းမြင့်မားလှသော ယဉ်ကျေးမှု သမိုင်းအမွှေအနှစ်များ ပိုင်ဆိုင်ထားသောကြောင့်အမျိုးသားပြတိုက်သည် ကြွယ်ဝ လှသော မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံစံအမွှေအနှစ်များကို စိတ်ဝင်စားဖွယ်ဖြစ်လာအောင် ကြိုးပမ်းအားထုတ်ထားသည်။ A.C.E ဆောက်လုပ်ရေးအဖွဲ့သည် နေပြည်တော်တွင်မြန်မာ့အကြီးဆုံး ပြတိုက်ကိုတည်ဆောက်ပြီး ရှားပါးရှေးဟောင်း ပစ္စည်း အမျိုးအစားများ၊ မြန်မာ့သမိုင်းနှင့် ရိုးရာ ယဉ်ကျေးမှု ကိုဖော်ညွှန်းသော ပန်ချီကားများ စုဆောင်ပြသထာသည်။ ပြတိုက်တွင် ဥရောပပြခန်း နည်းပညာများကို အခြေခံ၍ စိတ်ကူး အကြံဉာဏ်ထုတ်ပြီး တည်ဆောက်ထားခြင်းဖြစ်သည်။


ACE Group of Companies
ACE Construction Group
ACE Hotels and Tourisim Group
ACE Machinery Group
Myanmar Businet Development



ACE Construction Group

  • No. 5 , Shwe Thitsar Road ,
  •     DekkhinaThiri Township ,
  •     Nay Pyi Taw Myanmar.
  • Tel : +95 67 8100104 Fax : +95 67 8100105
  • Email :info@aceconstructionmm.com