|

ACE Construction Group

          အေစီအီး ဆောက်လုပ်ရေးအုပ်စုကို ၁၉၈၉ ခုနှစ်တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် Senior President U Tint Hsan မှ စတင်ဖွဲ့စည်းခဲ့ပါသည် ။ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံအဖွဲ့အစည်းများနှင့်ပူပေါင်းပြီး ၁၉၉၃ ခုနှစ်အထိ လက်တွဲညီညီဆောက်ရွက်ခဲ့ပါသည်။ ၁၉၉၃ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၃ ခုနှစ်အထိ ရန်ကုန်မြို့၏ အိမ်ရာစီမံကိန်းများ ၊ နိုင်ငံတကာဟိုတယ်များ ၊ နိုင်ငံတစ်ဝန်းရှိ အစိုးရစီမံကိန်းများ၊ ပုဂ္ဂလိကရင်းနှီးမြုပ်နှံမှု စီမံကိန်းများကိုဆောက်ရွက်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ်နောက် ပိုင်းတွင် နေပြည်တော်ကို​ရွှေ့ပြောင်းပြီး အဓိက လုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ထိုနှစ်အတွင်းမှာပင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ် ငန်းများကို တိုးချဲ့ဆောက်ရွက်ခဲ့ပါသည်။ အေစီအီး ဆောက်လုပ်ရေးအုပ်စုသည်နေပြည်တော် တွင်လွှတ်တော်အဆောက်အဦးအပါအဝင်နိုင်ငံတော်အစိုးရအဆောက်အဦများဆောက်လုပ်ခြင်း၊ အိမ်ရာစီမံကိန်းများ တည်ဆောက်ခြင်းနှင့် အဆင့်မြင့်ဟိုတယ်ကြီးများကိုလည်း အဆင့်မှီစွာ တည်ဆောက်နိုင်ခဲ့ပါသည်။






ကျွန်ုပ်တို့ ဘယ်သူတွေလဲ


         Senior President U Tint Hasn သည်အေစီအီး ဆောက်လုပ်ရေးကုမ္ပဏီကိုတည်ထောင်ရန်ဆုံး ဖြတ်သည့်အချိန်တွင် သူ၏အိမ်မက်သည် မြန်မာနိုင်ငံဖွံ့ဖြိုး တိုးတက်ရန် ဖြစ်ပါသည်။ အထူးသဖြင့် သူ၏ဇာတိမြို့ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့ကို ပိုမိုတိုးတက်စေချင်ခဲ့သည်။ဧရာဝတီတိုင်း သည်မြန်မာနိုင်ငံတွင်ရှိသော အလှပဆုံးဒေသများထဲတွင် တစ်ခုအပါအဝင်ဖြစ်ပါသည်။ ရွာငယ်လေးများစွာရှိပြီး လူနေမှုအဆင့်အတန်း အားနည်းသည့်အတွက်ကြောင့် အေစီအီး ကုမ္ပဏီ သည် မြို့ရွာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် အခြေခံအဆောက်အဦးများဖြစ်သည့် သူနာပြုသင်တန်းကျောင်းများ၊ ပြည်သူဆေးရုံတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများ ဆောက်ရွက်ပေးခဲ့ပါသည်။
          တစ်ချိန်ထဲမှာပင် ကုမ္ပဏီသည် ပုသိမ်မြို့၏ အထင်ကရအထိမ်းအမှတ်အဖြစ် ဖောင်တော်ဦးစေတီတော် ၊ နာရီစင် စသည့်စီမံကိန်းများကိုတည်ဆောက်ပေးခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် အေစီအီး ဆောက်လုပ်ရေး ကုမ္ပဏီအုပ်စုကို ရန်ကုန်သို့​ပြောင်းရွှေ့ဆောင်ရွက် ခဲ့ပါသည်။အေးစီအီး ဆောက်လုပ်ရေးကုမ္ပဏီအုပ်သည်နိုင်ငံ၏ အဓိကစီမံကိန်းများ၊ များစွာတည်ဆောက်ခဲ့ပါသည်။ ထိုစီမံကိန်းများတွင် ဆီးဒိုးနားဟိုတယ်တည်ဆောက်ခြင်း၊ သမ္မတဟိုတယ်ပြန်လည်ပြုပြင်ခြင်း၊ ကရဝိတ်ခန်းမ ပြန်လည်ပြုပြင်ခြင်း စသည့် အဆင့်တန်းမြင့် ဟိုတယ်များ လည်းပါဝင်ပါသည်။ အေစီအီးဆောက်လုပ်ရေး ကုမ္ပဏီသည်မြန်မာတစ်နိုင်ငံလုံးတွင် ကြီးမားသောဂုဏ်သတင်းများဖြင့်ကျော်ကြားခဲ့သည်။ဤဂုဏ်သတင်များကြောင့် ပြည်သူ တွေအတွက်ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံးများကိုတည်ဆောက်ပေးရန်အခွင့်ရေး ရ ရှိလာခဲ့သည်။နိုင်ငံ နှင့် လူမျိုးရေး ဖွံ့ဖြိုးတိုးတက်ရန် ဆန္ဒနှင့်အတူ အင်ဂျင်နီယာ တက္ကသိုလ် ဆေးတက္ကသိုလ် များတည်ဆောက်ပေးခဲ့ပါသည်။ နည်းပညာတက္ကသိုလ် များတည်ဆောက် ရာတွင် ပြန်လည်အသုံးပြုခဲ့ကြပါသည်။

"ACE Construction Group handled all these projects and realizations with success and led the development of the country with professionalism.”

ကျွန်ုပ်တို့ ဘာတွေလုပ်ခဲ့သလဲ


         A.C.E ဆောက်လုပ်ရေး အဖွဲ့သည် ဆယ်စုနှစ် ၃ ခုခန့် နက်ရှိုင်းကြွယ်ဝသော ဗဟုသုတများ ပင်ကိုယ်ကျွမ်းကျင်မှုများဖြင့်ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ စတင်တည်ထောင်ခဲ့ သည့် ၁၉၉၈ မှ စတင်၍ စီမံကိန်းပေါင်း ၁၀၀ ကျော်ကို အောက်မြင်စွာ ဆောင်ရွတ်နိုင်ခဲ့သည်။ များပြားလှသော အတွေ့အကြုံများနှင့် ကျွမ်းကျင်သော အင်ဂျင်နီယာ များကြောင့် ဆောက်လုပ်ရေး နယ်ပယ်တွင် ကြီးမားလှသည့် အမျိုးမျိုး သော ဆောက်လုပ်ရေး တာဝန်းများ ကိုဆောင်ရွက်နိုင်ခဲ့သည်။
         A.C.E ဆောက်လုပ်ရေးသည် နောက်ဆုံးပေါ်နည်းပညာနှင့်ပစ္စည်းကိရိယာ များအသုံးပြုပြီး စီမံကိန်းတစ်ခုကို အစမှအဆုံးတိုင် စျေးကွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိသည်။ကြီးမားသောအတွေ့အကြုံများနှင့် ကျွမ်းကျင်သူများက အဆောက်အဦမျိုးစုံကိုတည်ဆောက်ပေနိုင်ပြီး သင်၏လိုအပ်ချက်နှင့် ကိုက်ညီသောတည်ဆောက်မှုကိုဆောက်ရွတ်ပေးနိုင်ပြီး သင်၏ လိုအပ်ချက်နှင့် ကိုက်ညီသောတည်ဆောက်မှုကို ဆောင်ရွတ်ပေးနိုင်သည်။ ကျွန်တော်တို့၏ စီမံကိန်းအားလုံးသည် အသေးစိတ်ပြန်လည်လေ့လာ ဝေဖန်သုံးသပ်ထားပြီး အရည်အသွေးမြင့်မားသော တည်ဆောက်မှုများက အဆောက်အဦကို အသုံးပြုရာတွင် အဆင်ပြေစေရန်အတွက်စီမံထားရှိသည်။
         ကျွန်တော်တို့၏ အကောင်းဆုံးဝန်ဆောင်မှုများဖြင့် သင်၏စီမံကိန်း များပြားလှသော လိုအပ်ချက်များ မျှော်လင့်ချက်များကို အရည်အချင်း ကျွမ်းကျင်မှု ပြည့်ဝစွာ ဖြင့်အပြီးသတ်ပါမည်။ အောက်တွင်ဖော်ပြထားသော ကျွန်တော်တို့ ဆောက်ရွတ်နိုင်သည့် စီမံကိန်းများကိုတွေ့ရှိနိုင်ပြီး စီမံကိန်းများ တိုးတက်အောင်မြင်မှု အတွက်သင်၏အကြံအစည်စိတ်ကူးများကို ကျေနပ်ဝမ်းသာစွာ ဖြင့်နားထောင်ပြီးပြဿနာများ ကိုအတူတကွ အဖြေရှာနိုင်ပါသည်။



A.C.E ဆောက်လုပ်ရေးသည် အောက်ဖော်ပြပါ ဆောက်လုပ်ရေးလုပ်ငန်းမျိုးစုံကိုတည်ဆောက်ပေးနိုင်ပါသည်။ :
         စီးပွားရေးအဆောက်အအုံများ − စျေးဆိုင်များ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ ။…
         လူနေအဆောက်အဦများ − ပုဂ္ဂလိက အိမ်ရာများ၊ လူနေတိုက်ခန်းများ၊ လုံးချင်းအိမ်ရာများ။ …
         ပညာရေး− စာသင်ကျောင်းများ၊ ကောလိပ်၊ တက္ကသိုလ်များ၊ ၎င်းတို့နှင့် ဆက်စပ်ပက်သက်သည့်အဆောက်အဦများ။ …
         အားကစား − အားကစားနှင့် ပက်သက်သော အခြေခံလိုအပ်ချက်များ ၊ ကိုယ်ကာယ လေ့ကျင့်ရေးအားကစားခန်းမများ၊ ဘက်စုံသုံးအားကစားကွင်းများ။ …
          ကျန်းမားရေး − အစိုးရဆေးရုံဆေးခန်းများ ၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများ။…
          ဟိုတယ်နှင့်အပန်းဖြေစခန်း − ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ ပင်လယ်ကမ်းခြေတောင်ပေါ်အပန်းဖြေစခန်းများ။…
          စက်မှုလုပ်ငန်း − စက်ရုံ ၊ အလုပ်ရုံများ။...
          အစိုးရဌာန − အစိုးရအဆောက်အဦများ၊ ဝန်ကြီးဌာနများ ၊ ဝန်ထမ်းအိမ်ရာများ၊ ပြတိုက်များ။
          နိုင်ငံတော်အဆင့်အကြီးစားအခြေခံလိုအပ်ချက်များ− လမ်းများ၊ တံတာများ၊ အဆောက်အဦများနှင့်ပက်သက်သော ဒီဇိုင်းစက်မှုဆိုင်ရာ နည်းပညာများ။
          ဘာသာရေးအဆောက်အဦများ − ဘုရား၊ ပုထိုး၊ စေတီ ၊ဆင်းတု၊ ဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်း၊သာသနာ့တက္ကသိုလ်၊ သံဃာ့ဆေးရုံ၊ ဘုရားရှိခိုးကျောင်းများ တည်ဆောက်ခြင်း။ …

ACE Group of Companies
ACE Construction Group
ACE Hotels and Tourisim Group
ACE Machinery Group
Myanmar Businet Development



ACE Construction Group

  • No. 5 , Shwe Thitsar Road ,
  •     DekkhinaThiri Township ,
  •     Nay Pyi Taw Myanmar.
  • Tel : +95 67 8100104 Fax : +95 67 8100105
  • Email :info@aceconstructionmm.com